Latest Announcement
feature-image-470

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့၊ နံနက် ၆ နာရီ ၂၀ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ သိမ်ဖြူလမ်းနှင့် ကမ်းနားလမ်းထောင့်တွင် ပိုင်ရှင် ဦးမျိုးမြင့်၏ (၅၀x၄၅)ပေ၊ သစ်သား၊ အုတ်ညှပ်(၂)ခန်းတွဲ(၄)ထပ် အဆောက်အဦ၏ ဘယ်ဘက်ခြမ်းရှိ မြေညီထပ်လှေကားခွင်အတွင်း တပ်ဆင်ထားသော လျှပ်စစ်မီတာများအနက် ဦးမျိုးမြင့်ပိုင်ဆိုင်သော လျှပ်စစ်မီတာအထွက်မှ ဝန်အားသုံးစွဲမှုများသောကြောင့် မီးပွားထွက်၍ အနီးရှိတာယာအဟောင်းနှင့် ပစ္စည်းအဟောင်းများသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မီးသတ်စခန်းများမှ သန္ဓေ/အရန် တပ်ဖွဲ့ဝင်များသည် ကွပ်ကဲမှုယာဉ်(၃)စီး၊ မီးသတ်ယာဉ်(၂၄)စီးဖြင့် သွားရောက်၍ မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၇ နာရီ ၁၇ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။ အဆိုပါမီးလောင်မှုကြောင့် (၅၀x၄၅)ပေ၊ သစ်သား၊ အုတ်ညှပ်(၂)ခန်းတွဲ(၄)ထပ် အဆောက်အဦ၏ (၃)လွှာရှိ (၂၅x၄၅)ပေ၊ အခန်း(၂)ခန်း၊ (၄)လွှာရှိ (၂၅x၄၅)ပေ၊ အခန်း(၂)ခန်း စုစုပေါင်း အခန်း(၄)ခန်း မီးလောင်ခံရပြီး၊ ကျား(၈)ဦး၊ မ(၁၀)ဦး စုစုပေါင်း(၁၈)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)တို့အား သစ္စာမာန်တိုင် ပရဟိတအသင်းယာဉ်(၁)စီး၊ မိုးစေတနာပရဟိတအသင်းယာဉ်(၁)စီး၊ အဖြူရောင်ကမ်းလက်များ ပရဟိတအသင်းယာဉ်(၁)စီး၊ MZAပရဟိတအသင်းယာဉ်(၁)စီး၊ အရိုးကုန်းပရဟိတအသင်းယာဉ်(၁)စီး၊ ရင်ဘတ်တူညီအစ်ကိုများ ပရဟိတအသင်းယာဉ်(၁)စီး၊ ဘိုကလေးစျေးပရဟိတအသင်းယာဉ်(၁)စီး၊ လသာကြက်ခြေနီအသင်းယာဉ်(၁)စီး၊ စုစုပေါင်းအသင်းယာဉ်(၈)စီးတို့ဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပါကြောင်းနှင့် ပိုင်ရှင် ဦးမျိုးမြင့်အား ဗိုလ်တထောင်မြို့မရဲစခန်းမှ (ပ)၃၂၁/၂၀၂၃၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၃၇/၃၃၈/ ၂၈၅ ဖြင့် အရေးယူထားကြောင်း သိရှိရပါသည်။