ရှမ်းပြည်နယ်၊ လားရှိုးမြို့၊ ရပ်ကွက်(၇)၊ နယ်မြေ(၄)၊ ရန်ကင်းလမ်းတွင် ၁၀.၄.၂၀၂၂ ရက်နေ့၊ ၀၇ ၃၀ အချိန်ခန့်က ပိုင်ရှင် ဒေါ်ရှောက်ဖန်၏ (၄၀x၄၅)ပေ၊ သွပ်မိုး၊ ထရံကာ၊ ကွန်ကရစ်ခင်း (၁)ထပ်နေအိမ်တွင် (၃)မိနစ်ရေနွေးအိုးတည်ထားရာမှ အပူလွန်ကဲပြီး အနီးရှိ ထရံသို့ မီးကူးစက်လောင် ကျွမ်းမှုဖြစ်ပွားကြောင်း လားရှိုးမြို့နယ်မီးသတ်စခန်းမှ ၀၇ ၃၅ အချိန် သတင်း ရရှိသဖြင့် မီးငြှိမ်းသတ် ယာဉ်(၃)စီး၊ ရေသယ်ယာဉ်(၂)စီး၊ အရန်မီးသတ်စခန်းများမှ မီးငြှိမ်းသတ်ယာဉ်(၇)စီး၊ စုစုပေါင်း မီးသတ် ယာဉ်(၁၂)စီး၊ သန္ဓေ(၂၆)ဦး၊ အရန်(၃၅)ဦးတို့ဖြင့် ရေဂါလန်(၅၀၀၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၀၈၀၀အချိန် မီးငြိမ်းခဲ့ပြီး၊ မီးလောင်မှုကြောင့် (၄၀x၄၅)ပေ၊ သွပ်မိုး၊ ထရံကာ၊ ကွန်ကရစ်ခင်း (၁)ထပ်နေအိမ်(၁)လုံးနှင့် အတွင်းပစ္စည်များ မီးလောင်ဆုံးရှုံးခဲ့ပြီး ပိုင်ရှင် ဒေါ်ရှောက်ဖန်အား လားရှိုးမြိုမရဲစခန်းမှ (ပ)၇၅/၂၀၂၂၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။


