Latest Announcement
feature-image-35

 ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ရွှေနံသာကျေးရွာအုပ်စု၊ ပုလဲ(၂)ရပ်ကွက်၊ ဗေဒါလမ်း၊ ခြံအမှတ်(၂၁၄)တွင် ၈.၄.၂၀၂၂ ရက်နေ့၊ ၀၄ ၄၅ အချိန်ခန့်က ရွှေညီကို ကုန်စည်ပို့ဆောင်ရေးလုပ်ငန်း ပိုင်ရှင် ဦးသက်မောင်မောင်ထွန်း၏ ပေ(၁၀၀)ပတ်လည်ခန့်ခြံဝန်းအတွင်းရှိ (၂၀x၂၀)ပေပတ်လည် စားသောက်ကုန်ပစ္စည်းများ စုပုံထားသည့် နေရာတွင် ဦးသက်မောင်မောင်ထွန်းမှ သောက်လက်စ ဆေးလိပ်အား မုန့်ပုံးပေါ် တင်ထားရာမှ မုန့်ပုံးသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ DCP 4 Kg မီးသတ်ဆေးဘူး(၁)ဘူးဖြင့် ကနဦးငြှိမ်းသတ်ခဲ့ပြီး မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်းမှ ၀၄ ၄၉ အချိန် သတင်းရရှိသဖြင့် မီးငြှိမ်းသတ်ယာဉ်(၆)စီး၊ ရေသယ်ယာဉ်(၂)စီး၊ သန္ဓေ(၂၅)ဦး၊ အရန်(၃၀)ဦးတို့ဖြင့် ရေဂါလန်(၁၀၀၀၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၀၅ ၀၀ အချိန် မီးငြိမ်းခဲ့ပြီး၊ မီးလောင်မှုကြောင့် Light Truck ယာဉ်၏ ရှေ့ခေါင်းခန်း၊ ညာဘက်ခြမ်းတာယာ (၂)လုံးနှင့် မုန့်ပစ္စည်းများ မီးလောင်ခံရပြီး ပိုင်ရှင် ဦးသက်မောင်မောင်ထွန်းအား ထောက်ကြန့်နယ်မြေရဲစခန်းမှ (ပ) ၁၀၁/၂၀၂၂၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားပါကြောင်း သိရသည်။