ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံ(၁၂)ရပ်ကွက်၊ ပုဂံလမ်းမ၊ အမှတ်(၇၉၇)ရှိ ၇.၄.၂၀၂၂ ရက်နေ့၊ ၁၀ ၁၃ အချိန်ခန့်က ပိုင်ရှင် ဦးကျော်စွာထွန်း၏ အိမ်ငှား ဦးအောင်ကိုကိုလတ် နေထိုင်သည့် (၂၀x၆၀)ပေ၊ အုပ်ညှပ်(၂)ထပ် လူနေအိမ်အဆောက်အဦတွင် အင်္ကျီချုပ်သည့် ဓားစက်အတွင်းရှိ မော်တာအပူလွန်ကဲရာမှ မီးပွားထွက်ပြီး အောက်ရှိ ပိတ်စ၊ ညှပ်စများပေါ်သို့ကျ၍ မီးလောင်မှုဖြစ်ပွားခဲ့ရာ အနီးပတ်ဝန်းကျင်ရှိ ပြည်သူများမှ DCP 2 Kg မီးသတ်ဆေးဘူး(၁)ဘူးဖြင့် ကနဦးငြှိမ်းသတ်ခဲ့ပြီး မြောက်ဥက္ကလာပမြို့နယ်မီးသတ်စခန်းမှ ၁၀ ၁၅ အချိန်သတင်းရရှိသဖြင့် မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မြောက်ဥက္ကလာပနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ် ယာဉ်(၁)စီး၊ ဝေဘာဂီနယ်မြေမီးသတ်စန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ ရွှေပေါက်ကံ နယ်မြေမီးသတ်စခန်းမှ ရေသယ်ယာဉ်(၁)စီး၊ သန္ဓေ(၁၆)ဦး၊ အရန်(၁၀)ဦးတို့ဖြင့် ရေဂါလန်(၁၁၀၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၁၀ ၂၄ အချိန် မီးငြိမ်းခဲ့ပြီး၊ မီးလောင်မှုကြောင့် (၂၀x၆၀)ပေ၊ အုပ်ညှပ်(၂)ထပ် လူနေအိမ် အဆောက်အဦ၏ အပေါ်ထပ်ရှိ အကျယ်အဝန်း (၉x၁၅)ပေခန့် အဆောက်အဦနှင့် ပိတ်စ၊ ညှပ်စများ မီးလောင်ခံရပြီး အိမ်ငှား ဦးအောင်ကိုကိုလတ်အား ရွှေပေါက်ကံနယ်မြေရဲစခန်းမှ (ပ) ၃၉/၂၀၂၂၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားပါကြောင်း သိရှိရပါသည်။


