Latest Announcement
feature-image-32

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ္တလင်းမြို့နယ်၊ ဘွတ်တောကျေးရွာအုပ်စု၊ သစ်ဆိမ့်ကုန်းကျေးရွာတွင် ၅.၄.၂၀၂၂ ရက်နေ့၊ ၀၄ ၂၅ အချိန်ခန့်က ပိုင်ရှင် ဒေါ်လှထွေး၏ (၁၅x၁၅)ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ မြေစိုတ်၊ နွားတင်းကုပ်အတွင်း ခြင်ဆေးခွေထွန်းထားရာ နွားမှကန်မိသဖြင့် အနီးရှိနွား စာကောက်ရိုးအား မီးစတင်ကူးစက်လောင်မှုဖြစ်ပွားကြောင်း နတ္တလင်းမြို့နယ်မီးသတ်စခန်းမှ ၀၄ ၂၈ အချိန်သတင်းရရှိသဖြင့် မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၂)စီး၊ သန္ဓေ(၁၆)ဦး၊ အရန်(၅)ဦးတို့ဖြင့် ရေဂါလန်(၄၈၀၀)ခန့် အသုံးပြု ငြှိမ်းသတ်ခဲ့ရာ ၀၄ ၅၄ အချိန်မီးငြိမ်းခဲ့ပြီး၊ မီးလောင်မှုကြောင့် (၁၅x၁၅)ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ မြေစိုတ်၊ နွားတင်းကုပ်(၁)လုံးနှင့် နွား(၃)ကောင် သေဆုံးခဲ့ပြီး ပိုင်ရှင် ဒေါ်လှထွေးအား နတ္တလင်းမြို့မရဲစခန်းမှ (ပ)၄၈/၂၀၂၂၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။