Latest Announcement
feature-image-31

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အိန္ဒုကျေးရွာ၊ မြို့တော်ဦးရပ်ကွက်၊ ကျိုက်ပေါ့လမ်းတွင် ၃.၄.၂၀၂၂ ရက်နေ့၊ ၁၂၀၀ အချိန်ခန့်က ပိုင်ရှင် ဦးကြည်နိုင်၏ (၆၀x၂၀)ပေ၊ သွပ်မိုး၊ ဖော်မိုးစစ်ပြားကာ ပျဉ်ခင်း(၁)ထပ်နေအိမ်တွင် ဒယ်နီအိုးမီးမပိတ်ဘဲထားခဲ့ရာမှ အပူလွန်ကဲပြီး ဘေးနံရံသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း အိန္ဒုနယ်မြေမီးသတ်စခန်းမှ ၁၂၀၈ အချိန် သတင်း ရရှိသဖြင့် မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ သာမညနယ်မြေမီးသတ်စခန်းမှ ရေသယ်ယာဉ်(၁)စီး၊ စုစုပေါင်း မီးသတ်ယာဉ်(၃)စီး၊ သန္ဓေ(၁၀)ဦး၊ အရန်(၃)ဦးတို့ဖြင့် ရေဂါလန်(၂၄၀၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၁၂၂၅ အချိန် မီးငြိမ်းခဲ့ပြီး၊ မီးလောင်မှုကြောင့် (၆၀x၂၀)ပေ၊ သွပ်မိုး၊ ဖော်မိုးစစ်ပြားကာ ပျဉ်ခင်း (၁)ထပ်လူနေအိမ်(၁)လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင် ဦးကြည်နိုင်အား ဘားအံမြို့နယ်၊ အိန္ဒုတိုက်နယ်ရဲစခန်းမှ (ပ)၁၃/၂၀၂၂၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။