စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၊ ထန်းကုန်းကျေးရွာတွင် ၁.၄.၂၀၂၂ ရက်နေ့၊ ၁၇၀၀ အချိန်ခန့်က ပိုင်ရှင် ဦးဝင်းသိန်း၏ (၂၀x၂၀)ပေ၊ သွပ်မိုး၊ ထရံကာ၊ မြေစိုက်၊ စက်သုံးဆီ အရောင်းဆိုင်အတွင်း ဆီလာရောက်ဝယ်ယူစဉ် ပလပ်စတစ်ပုံးဖြင့် ဆီဖြည့်ရာမှ ပွတ်တိုက်မှုကြောင့် သဘာဝတည်ငြိမ် လျှပ်စစ်ဖြစ်ပေါ်ပြီး မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း ကန့်ဘလူခရိုင်မီးသတ် စခန်းမှ ၁၇၀၁ အချိန် သတင်းရရှိသဖြင့် မီးသတ်ရေသယ်ယာဉ်(၁)စီး၊ ကန့်ဘလူမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ သန္ဓေ(၁၇)ဦးတို့ဖြင့် ရေဂါလန်(၅၀၀၀)၊ Foam အမြှပ်ဆေးရည် (၁၅)ဂါလန် အသုံးပြု ငြှိမ်းသတ်ခဲ့ရာ ၁၇၃၈ အချိန် မီးငြိမ်းခဲ့ပြီး၊ မီးလောင်မှုကြောင့် (၂၀x၂၀)ပေ၊ သွပ်မိုး၊ ထရံကာ၊ မြေစိုက်၊ စက်သုံးဆီအရောင်းဆိုင် (၁)ဆိုင်၊ ဓါတ်ဆီပေပါ(၂)လုံး၊ ဒီဇယ်ပေပါ(၁)လုံး၊ (၂၇x၁၈)ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း(၂)ထပ် နေအိမ်(၁)လုံးနှင့် (၂၀x၂၀)ပေ၊ သွပ်မိုး၊ ထရံကာမြေစိုက်(ဆိုင်ကယ်ဝပ်ရှော့) (၁)လုံး မီးလောင်ခံရကြောင်းနှင့် ကျား(၁)ဦး ဘယ်လက်ဖျံနှင့် ညာလက်ကောက်ဝတ်တို့တွင် မီးလောင်ဒဏ်ရာ (မစိုးရိမ်ရ)ရရှိပြီး စက်သုံးဆီအရောင်းဆိုင် ပိုင်ရှင် ဦးဝင်းသိန်းအား ကန့်ဘလူမြို့မ ရဲစခန်းမှ (ပ)၁၂/၂၀၂၂၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။


