Latest Announcement
feature-image-2

ရှမ်းပြည်နယ်၊ တောင်ကြီး-မိုင်းပျဉ်း ပြည်ထောင်စုလမ်းမကြီး၊ မိုင်တိုင်အမှတ်(၃၂၄/၄)တွင် ၂၀.၂.၂၀၂၂ ရက်နေ့၊ ၁၃ ၁၀အချိန်ခန့်က တောင်ကြီးမြို့မှ ကျိုင်းတုံမြို့သို့ ယာဉ်မောင်း မောင်နေမင်းနိုင် မောင်းနှင်လာသော VIGO အမျိုးအစား (အနက်ရောင်)ယာဉ်သည် မိုင်းပျဉ်းမြို့ဝင်တွင် ရှေ့ကားအား ကျော်တက်ရာမှ ညာဘက်အကွေ့ ပေ(၅၀)ခန့်အနက်ရှိသော ချောက်ထဲသို့ ထိုးကျ တိမ်းမှောက်မှုဖြစ်ပွားကြောင်း မိုင်းပျဉ်းမြို့နယ်မီးသတ်စခန်းမှ ၁၃ ၁၅ အချိန် သတင်းရရှိသဖြင့် မီးသတ်စက်ယာဉ်(၁)စီး၊ သန္ဓေ(၁၀)ဦး၊ အရန်(၃)ဦးတို့ဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက် ကူညီဆောင်ရွက်ခဲ့ရာ ၁၃ ၄၀ အချိန်တွင် လုပ်ငန်းဆောင်ရွက်ပြီးစီးပါသည်။ အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်မောင်း ကျား(၁)ဦး (သေဆုံး)အား မိုင်းပျဉ်းမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ယာဉ်မောင်း မောင်နေမင်းနိုင်(သေဆုံး)အား မိုင်းပျဉ်းမြို့မရဲစခန်းမှ ယာဉ်(ပ)၂/၂၀၂၂၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-ကဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။