၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့၊ နံနက် ၅ နာရီ ၁၀ မိနစ်အချိန်ခန့်က မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သိုးကျကျေးရွာ၊ ရန်ကုန်-မော်လမြိုင်ကားလမ်း၊ မိုင်တိုင်အမှတ်(၁၁၂/၆)နှင့်(၁၁၂/၇)ကြားတွင် လုံးပတ် (၆)ပေခန့်၊ အမြင့်(၁၂) ပေခန့်ရှိ စိန်ပန်းပင်သည် ဆွေးမြေ့လဲကျပြီး လမ်းပိတ်နေကြောင်း သတင်းရရှိ သဖြင့် မုတ္တမနယ်မြေမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များသည် ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီးဖြင့် ထွက်ခွာ၍ ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ နံနက် ၆ နာရီ ၄၅ မိနစ်အချိန်တွင် လုပ်ငန်းဆောင်ရွက် ပြီးစီးပါသည်။ အဆိုပါဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းနှင့် ပစ္စည်းဆုံးရှုံးမှုမရှိကြောင်း သိရှိရပါသည်။


