On April 5, 2026, at approximately 12:20 PM, a tamarind tree due to decay at its base on Khwa Nyo Road, Industrial Zone, Myingyan Township, Mandalay Region.Upon receiving the report, firefighters from the Myingyan District/Township Fire Station responded with one fire engine and carried out clearing operations. The work was completed at 2:50 PM.It was reported that there were no injuries or property losses resulting from the incident.
၂၀၂၆ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့၊ မွန်းလွဲ ၁၂ နာရီ ၂၀ မိနစ်အချိန်ခန့်က မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ စက်မှုဇုန်၊ ခွာညိုလမ်းတွင် လုံးပတ်(၃)ပေခန့်၊ အမြင့်(၇၀) ပေခန့်ရှိ မန်ကျည်းပင်သည် ပင်စည်အခြေမှ ဆွေးမြေ့ပြီး လဲကျမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မြင်းခြံခရိုင်/မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ်(၁)စီးဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ထွက်ခွာဆောင်ရွက် ခဲ့ရာ နေ့လည် ၂ နာရီ ၅၀ မိနစ် အချိန်တွင် လုပ်ငန်းဆောင်ရွက်ပြီးစီးပါသည်။ အဆိုပါ ဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းနှင့် ပစ္စည်းဆုံးရှုံးမှုမရှိကြောင်း သိရပါသည်။



