
၂၀၂၅ ခုနှစ်၊ မေလ ၉ ရက်နေ့၊ နေ့လည် ၃ နာရီ ၄၉ မိနစ်အချိန်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ရေထွက်ကျေးရွာအနီး မန္တလေးတူးမြောင်းအတွင်း အမျိုးသား(၁)ဦးသည် အရက်သေစာ သောက်စားပြီး ရေဆင်းကူးရာမှ ရေနစ်ပျောက်ဆုံးမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ပုသိမ်ကြီးမြို့နယ် မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် ရွှေကြေးစည်လူမှုကူညီရေး အသင်းသားများနှင့်ပူးပေါင်း၍ မီးငြှိမ်းသတ်ယာဉ်(၁)စီးဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများသွားရောက် ဆောင်ရွက်ခဲ့ရာ ညနေ ၄ နာရီ ၈ မိနစ်အချိန်တွင် အမျိုးသား(၁)ဦး(သေဆုံး)အား ရှာဖွေတွေ့ရှိခဲ့ပြီး ရွှေကြေးစည်လူမှုကူညီရေးအသင်း သူနာတင်ယာဉ်ဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရပါသည်။