Latest Announcement
feature-image-1061

၂၀၂၅ ခုနှစ်၊ မေလ ၅ ရက်နေ့၊ နံနက် ၁၁ နာရီ ၁ မိနစ်အချိန်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ တမ္မဝတီရပ်ကွက်၊ အကွက်(၄၉)၊ (၈၄)လမ်း၊ ပတီးလမ်းရပ်ရှိ ပိုင်ရှင် ဦးဝင်းကျော်၏ (၁၅x၁၅)ပေ၊ သွပ်မိုး၊ သွပ်ကာ၊ အုတ်ခင်း၊ မြေစိုက်(၁)ထပ် ဂက်(စ်)ဆိုင်တွင် ဂက်(စ်)အိုးအကြီးမှ အရည်ခွဲစက်ဖြင့် Portable ဂက်(စ်)အိုးအသေးသို့ ဂက်(စ်)အရည်ဖြည့်ရာ Pressure လိုအပ်သည်ထက် ပိုမိုဖြည့်မိရာမှ ပွင့်ထွက်ပြီး မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မီးသတ်စခန်းများမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင် များသည် အုပ်ချုပ်မှုယာဉ်(၂)စီး၊ မီးငြှိမ်းသတ်ယာဉ်(၁၀)စီး၊ ရေသယ်ယာဉ်(၅)စီးတို့ဖြင့် သွားရောက်ငြှိမ်း သတ်ခဲ့ရာ နံနက် ၁၁ နာရီ ၃၂ မိနစ် အချိန်တွင် မီးငြိမ်းပါသည်။ အဆိုပါမီးလောင်မှုကြောင့် (၁၅x၁၅)ပေ၊ သွပ်မိုး၊ သွပ်ကာ၊ အုတ်ခင်း၊ မြေစိုက်(၁)ထပ် ဆိုင်ခန်း(၁)ခန်း၊ (၂၀x၃၀)ပေ၊ နံကပ်(၂)ထပ် နေအိမ်၏ အပေါ်ထပ်၊ ဂက်(စ်)အိုးအကြီး(၄)လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး အမျိုးသား(၂)ဦး ထိခိုက်ဒဏ်ရာ(စိုးရိမ်ရ)၊ အမျိုးသား(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)၊ အမျိုးသမီး(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)တို့အား ချမ်းမြသုခပရဟိတအသင်းပိုင်ယာဉ်ဖြင့် မန္တလေးပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါကြောင်းနှင့် ဆိုင်တာဝန်ခံ ဦးကျော်မိုးလွင်အား ချမ်းမြသာစည်မြို့နယ်၊ အမှတ်(၁၀)နယ်မြေရဲစခန်းမှ (ပ)၂၈/၂၀၂၅၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရှိရပါသည်။