Latest Announcement
feature-image-1038

၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့၊ မွန်းလွဲ ၁၂ နာရီ ၅၁ မိနစ်အချိန်ခန့်က မန္တလေးမြေငလျင် စခန်းမှ အရှေ့မြောက်ဘက် ၂၁ ကီလိုမီတာခန့် ကွာဝေးသော မန္တလေးမြို့၏ အရှေ့မြောက်ဘက် ၂၀ ကီလို မီတာခန့်အကွာ မြောက်လတ္တီတွဒ် ၂၂.၀၉ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆.၂၃ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၇.၇ အဆင့်ရှိ အင်အားအလွန်ပြင်းထန်သော မြေငလျင်တစ်ခု လှုပ်ရှားခဲ့ပါသည်။ သို့ဖြစ်ပါ၍ ၂၅.၄.၂၀၂၅ ရက်နေ့တွင် မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များသည် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်ဆီးဆုံးရှုံးမှုဖြစ်ပွားခဲ့သော နေပြည်တော်ကောင်စီနယ်မြေနှင့် မန္တလေးတိုင်းဒေသကြီးတို့အတွင်း ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။ 


နောက်ဆုံးရ သတင်းများ