Latest Announcement
feature-image-1447

On 11 March 2026, at about 9:00 a.m., fire safety, fire prevention, and fire suppression preparedness inspections were conducted at Eastern Terrance Manufacture Co., Ltd. (a backpack factory) located in Pauk Taw Village, Twante Township, Yangon Region, by members of the Fire Services Department and volunteer firefighters led by  Director U Min San Aye,  Head of the Yangon Region Fire Services Department. During the inspection, they examined the installation and condition of fire safety equipment, fire-fighting equipment, and compliance with safety sta

၂၀၂၆ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့၊ နံနက် ၉ နာရီ အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ ပေါက်တောကျေးရွာရှိ Eastern Terrance Manufacture Co.,Ltd (ကျောပိုးအိတ် စက်ရုံ)တွင် မီးဘေးလုံခြုံရေး၊ မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးငြှိမ်းသတ်နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးမင်းစမ်းအေး ဦးဆောင်သော သန္ဓေမီးသတ် တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် မီးဘေးလုံခြုံရေးပစ္စည်းကိရိယာများ တပ်ဆင်ထားရှိမှု၊ မီးငြှိမ်းသတ်ရေးပစ္စည်းကိရိယာများတပ်ဆင်ထားရှိမှုအခြေအနေများနှင့် Safety Standard များအား ကြည့်ရှုစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။